BaBa is you ဂိမ်းအကြောင်း

baba is you game homepage


 ဦးနှောက်ချောက်စရာဂိမ်း

Puzzle game တော်တော်များများက ဘောင်ထဲကပဲ စဥ်းစားပြီး ကစားရင်ပါတယ်။ အများစက သဲလွန်စ အဖြေရှာပြီး level ပြီးတာနဲ့ နောက်တစ်ခုသွားတဲ့ပုံစံပါ ။ ဒါပေမဲ့ Baba Is You ကတော့ ဘောင်ထဲက ထွက်ပြီး Puzzle ဖြေဖို့အတွက် ကိုယ်တိုင် rules တွေထွင်ရပါတယ်။ Steam Platform မှာ 19$ နဲ့ ရောင်းနေပါတယ်။

Baba Is You ဆိုတာ ဘာလဲ?

Hempuli ဆိုတဲ့ indie developer မှာ ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပါ။ ဒီဂိမ်းရဲ့ အထူးခြားဆုံးအချက်ကတော့ level တခုစီမှာ သူရဲ့ ထူးခြားတဲ့ logic ရှိနေတာပါပဲ။ အဖြေအများကြီး ရှိနေပြီးတော့ ကိုယ်ရဲ့ အတွေးနဲ့ ဖန်းတီးနိုင်စွမ်းကို ပေါင်းဆပ်ပြီး တခန်းချင်းစီကို ချဥ်းကပ်လို့ရတာပါပဲ ။ ကိုယ်က BABA ဆိုတဲ့ အဖြူရောင် ယုန်တကောင်အနေနဲ့ ကစားရမှာပါ။ 

ဥပမာနဲ့ပြောရရင်…

  • BABA IS YOU
  • FLAG IS WIN
  • WALL IS STOP

BABA က သင်ဖြစ်ပြီးတော့  ၊အလံ က WIN ပါ ။ WALL ကနံရံ ဆိုတော့ သွားလို့မရအောင် တားဆီးထားပါတယ်။ BABA က အလံကို ထိရင် နိုင်ပါပြီ။

baba is you gameplay


ထူးခြားတာက WALL ,FLAG , STOP စတဲ့ block ကို စိတ်ကြိုက် တွန်းရွေ့နိုင်ပြီးတော့ WALL IS YOU လို့ပြောင်းလိုက်ရင်တော့ ကိုယ်က နံရံဖြစ်သွားပါပြီ။ ဒီ mechanic ပဲကြောင့် logic နဲ့ creativity ကို ပေါင်းပြီး ဖြေရှင်းရတဲ့ Puzzle မို့ တော်တော်ခေါင်းစားတဲ့ ဂိမ်းတခုဖြစ်ပြီးတော့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

ဘာကြောင့် စွဲမက်စရာကောင်းတာလဲ?

ရှေ့  level တွေက အလွယ်တကူဖြေရှင်းလို့ရပေမဲ့  နောက်ပိုင်းမှာတော့ ဖြေရှင်းရခက်တဲ့၊ စဉ်းစားစရာအများကြီးပါဝင်တဲ့ level တွေပါလာပါတယ်။  ရိုးရိုးရှင်းရှင်းနဲ့ နောက်ခံအညိရောင်ပေါ်မှာရှိတဲ့ block တွေကို ‌ရွေ့ရင်း  ဦးနှောက်ရဲ့ creative thinking နဲ့ပဲ နှစ်ပါးသွား ကစားရမှာပါ။ ဘာမှ action မပါတဲ့အတွက်ကြောင့် ပျင်းစရာတော့ ကောင်းနေပါလိမ့်မယ်။ 
တစ်ခါတလေမှာ "LAVA ကို တွန်းရမလား ကိုယ်ပဲ  LAVA ပြောင်းပြီး WIN ဆီ သွားမလား ? "ဆိုပြီး ရွေးချယ်စရာ များပါတယ် ။ 

👾 ဘယ်လိုလူတွေ အတွက်လဲ

  • Puzzle game ကို သဘောကျသူ
  • Game တွေထဲမှာ logic ကို challenge လုပ်ချင်သူ
  • Creative solution တွေကို စဉ်းစားချင်သူ
  • Indie game သဘောကျသူ
  • Timing လည်းမရှိ  pressure မရှိတဲ့ logic puzzle ကိုကစားချင်တဲ့သူတိုင်းအတွက် အထူးသင့်ပါတယ်။

နိဂုံးချုပ်

Baba Is You ဟာ တကယ်ကို ထူးခြားတဲ့ concept နဲ့ game play ကို ပေးနိုင်တဲ့ puzzle game ဖြစ်ပါတယ်။ Rule တွေကို ဖတ်ရတာပဲတောင် ပုံမှန် game မဟုတ်ဘူးဆိုတာသိသာ နိုင်ပါတယ်။
တစ်ခါကစားလိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့ သူရဲ့ game logic စွဲမက်သွားမှာ သေချာပါတယ်။

One thought on “BaBa is you ဂိမ်းအကြောင်း

  1. vxvxdhzwky says:

    jxhsttqlpokksnidyqmnsdkqkwrkwi

Leave a Reply

Your email address will not be published. Required fields are marked *