Video ဂိမ်းများဆော့ကစားခြင်း

ဂိမ်းဆော့တာက ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များ ကြိုက်နှစ်သက်ပါတယ်။ တယောက်နဲ့ တယောက်ကြိုက်ကြတဲ့ game gence ကတော့ မတူဘူးပေါ့လေ။
ဂိမ်းဆော့တာဟာ ကလေးအရွယ်ကစပြီး ကျွန်တော်တို့ရဲ့ ဘဝ တစိတ်တပိုင်းအဖြင့်ပါဝင်နေပါတယ်။ ပါဝါရိန်းဂျား ၊ မာရိုယို မှိုစားတာအစ အမှတ်ရစရာတွေပါပဲ ။ ဂိမ်းကစားတာဟာ စိတ်နဲ့ ကိုယ်ခန္ဓာအတွက်လည်း ကောင်းကျိုးရှိတယ်လို့ wiki မှာပြောထားပါတယ် ။ငယ်ငယ်တုန်းကဆိုလည်း Game Boy ကို ပိုင်ဆိုင်ထားရင်လည်း ကျေနပ်နေကြမဟုတ်လား။တကယ်လည်း ဟုတ်ပါတယ်၊ စိတ်ညစ်တဲ့အခါ ကိုယ်ကြိုက်တဲ့ဂိမ်းဆော့လိုက်ရင် နေသာထိုင်သာ ရှိသွားတာပဲ မဟုတ်လား။


2011-2013 ချိန် ကာလဆို dota1 ဂိမ်း လူငယ်တွေကြားမှာ အတော်နာမည်ကြီးပေါ့ ။ သူရဲ့ game mode ဖြစ်တဲ့ ဂျပန်စတိုင် ကျောင်းသားဘာညာ ဟာလည်း လူကြိုက်များပါတယ်။။ နောက်ပိုင်း အင်တာနက် ခေတ်ရောက်လာတဲ့အခါမှာတော့ ဂိမ်းကစားခေတ်ဟာ ပုံစံနည်းနည်းပြောင်းလာပါတယ်။ PvP စတဲ့ ဂိမ်းတွေကို လူကြိုက်များလာပြီးတော့ Dota2 , LOL , CSGO , fortnite ဂိမ်းတွေဟာ တကမ္ဘာလုံးမှာ လူကြိုက်အများဆုံးဂိမ်းတွေ ဖြစ်လာပါတယ်။ 
ဂိမ်းကစားဖို့ လိုအပ်ချက်မြင့်လာပါတယ်။ ဂိမ်း file ၊ အင်တာနက်လိုအပ်ချက် စသည်ဖြင့် PC , console ကောင်းကောင်းတွေရှိဖို့ လိုလာပါတယ်။

PC vs console

ဂိမ်း genre များ

ဂိမ်း genre တွေက မျိုးစုံရှိပါတယ် horror , ‌adventure ,puzzle , PvP,action , shooter ,FPS ,Fighting ,sruvival ဂိမ်းအစုံပါပဲ။ အေးဆေးဆေးဆေး single player တွေအတွက်တော့ Adventure , puzzle ဂိမ်းတွေ ဆော့နိုင်သလို ၊ သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ မိုက်မယ် ဆိုတဲ့လူတွေအတွက်တော့ group puzzle , co-op horror , PvP ဖြစ်တဲ့ Dota2 , overwatch ဘာညာပေါ့။ နောက်ပိုင်းခေတ်စားနေတဲ့ ဂိမ်း‌ပေါင်း 500 စလော့ဂိမ်း တော့မဆော့မိအောင် သတိထားပေါ့။

Moba/PvP ဂိမ်းများ

Moba /PvP ဂိမ်းကတော့ သူငယ်ချင်း ဘော်ဒါတွေနဲ့ ဆော့လို့အကောင်းဆုံးဂိမ်းတခုပါ။ skill ပြရတာနဲ့ ၊ လေတိုက်ရတာနဲ့ ပျော်စရာအကောင်းဆုံး ဖန်တီးပေးတယ်ဆိုလည်းမမှားပါဘူး။ မြန်မာပြည်ရဲ့ လူငယ်ကြားထဲမှာ ခေတ်စားတဲ့ ဂိမ်းအများကြီးရှိပါတယ်။ များသောအားဖြင့် moba ဂိမ်းဟာ ဆုကြေးအများဆုံးပေးပြီး ကြည့်ရူသူအရမ်းများတတ်ပါတယ်။ နာမည်ကြီး Moba/PvP ဂိမ်းများ။

  • Dota2
  • League of Legend
  • Fornite
  • CSGO

ဆော့သင့်တဲ့ single player ဂိမ်းများ

  • Zelda : Breath of wild သူကတော့ nintendo ရဲ့ နာမည်အကြီးဆုံး ဂိမ်းတခုဆိုလည်း မမှားပါဘူး ။ 2017 ရဲ့ Game of the year ဆုကို ရရှိထားပါတယ်။ သူရဲ့လှပတဲ့ graphic ၊ story ၊ သူရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ game mechanics ကြောင့်လည်းပါတာပေါ့။
  • God of War : Sony ရဲ့ iconic ဂိမ်းတခုပါ ။ လူငယ်တိုင်း ကလေးကနေ ခုချိန်ထိ ကြိုက်ကြတဲ့ ဂိမ်းဆိုလည်း မမှားပါဘူး။ 2018 ရဲ့ အကောင်းဆုံးဂိမ်းဆု ရရှိထားပါတယ် ။ အရင် PS တွေမှာ ထွက်တဲ့ series ဆော့ထားရင်တော့ သူရဲ့ story ကိုလည်း အပြည့်အဝခံစားနိုင်မှာပါ။
  • Elden Ring : ခပ်ကြမ်းကြမ်းကြိုက်တယ် ၊ ancient vibe လိုချင်တယ်ဆိုရင်တော့ 2022 ရဲ့ အကောင်းဆုံးဆုဖြစ်တဲ့ elden ring ကိုဆော့ကစားလိုက်ပါ။ အရမ်းခက်တဲ့ ဂိမ်းဖြစ်ပြီးတော့ ခက်တဲ့ အတွက်ကြောင့်လဲ လူတွေလည်း လက်တည့်စမ်းကြတဲ့ ဂိမ်းတခုပါ။
  • Portal 2 : Steam ရဲ့ founder Valve ကထုတ်တဲ့ masterpiece တခုပါ။ sci-fi ဆန်ဆန် ခေတ်ရှေ့ပြေးတဲ့ portal gun နဲ့ ဦးနှောက်ချောက်စရာ တွေးပြီး တခန်းပြီး တခန်းကျော်ဖြတ်ရတဲ့ puzzle ဂိမ်းတခုပါ။

ကျွန်တော်ကတော့ Puzzle fans တယောက်ပါ။