Portal 2 ဂိမ်း

Puzzle ဂိမ်းမျိုးစုံရှိတဲ့ အထဲမှာမှ  Portal 2 ကတော့ အတော်ထူးခြားတဲ့ ဂိမ်းတခုပါ။
Sci-fi ဇာတ်လမ်း စိတ်ဝင်စားစရာပဟေဠိများ နဲ့ ဟာသနှောထားတဲ့ ဒီဂိမ်းက အတွေ့အကြုံအသစ်ကို လုံးဝးစွမ်းနိုင်ပါတယ်။

portal 2 game icon


Portal 2 ဘာကြောင့် ထူးခြားသလဲ?

Valve က ထုတ်ထားတဲ့  Portal 2 ဟာ တကယ်ကို ဆော့သင့်တဲ့ ဂိမ်းတခုပါ။
အရင်ကထွက်ရှိခဲ့တဲ့ Portal ဂိမ်းရဲ့ အဆက်ဖြစ်ပြီးတော့  ကိုယ်က Chell ဆိုတဲ့ silent character တစ်ယောက်အနေနဲ့ ကစားရပါတယ် ။ Stand alone ဖြစ်တာမလို့ Portal မဆော့ဖူးရင်လည်း 2 ကို စဆော့နိုင်ပါတယ်။
ဂိမ်း environment ကတော့ လူမသိသူမသိ လှုပ်ရှားနေတဲ့ underground lab တစ်ခုထဲနေ စပါတယ်။အထူးခြားဆုံးကတော့ သူရဲ့ လက်နက်ဖြစ်တဲ့  Portal Gun ပါပဲ ။
အာ့သေနတ်ကပဲ ဂိမ်းရဲ့ အသက်သွေးကြောလို့ ပြောရင်တောင် ရပါတယ်။

Smart ဖြစ်လွန်းတဲ့  Puzzle Design

သူရဲ့  puzzles တွေက တော်တော်လေးကို ဦးနှောက်အလုပ်ပေးပါတယ်။ 

  • Physics အခြေခံတဲ့ အခန်း
  • မြန်နှုန်းနဲ့ အရှိန်ကို မြင့်ပေးတဲ့ gel အခန်း
  • လေဆာ ၊ မြေဆွဲအား စတဲ့ စိန်ခေါ်မှု  

စတဲ့အခန်းတွေပါဝင်တာမို့ တစ်ခါတလေမှာ နာရီဝက်လောက် ထိုင်စဉ်းစားလိုက်ရတာတွေရှိပါတယ်။ တခါတလေကျတော့လည်း ရိုးရိုးရှင်းရှင်းစဥ်းစားရတဲ့အခန်းမှာ ကိုယ်က အရမ်းတွေးလိုက်တာလို့ အဖြေမထွက်တာမျိုးလည်းရှိပါတယ်။

portal 2 gameplay


ဘေးနားက လိုက်နှောက်နေတဲ့ စကားမပြတ်ပြောနေတဲ့ ကောင်ကတော့ GLaDO ပါ။ ဒီဂိမ်းရဲ့ flow က သီချင်းတပုဒ်လိုပဲ  ဖြေးဖြေးနှေးနှေး သွားနေတဲ့ ဇာတ်လမ်း ပါ။

  • GLaDOS ရဲ့ AI ဟာသ ။
  • Wheatley ဇာတ်ကောင်
  • ထူးခြားတဲ့ Dialogue 
    သူရဲ့ story ကတော့ မြေအောင်ခန်းကနေ အပြင်လောကကို ထွက်သွားရမဲ့ mission ပါ။Puzzle တခန်းပြီး တခန်းကျော်ဖြတ်ပြီးတော့ နောက်ဆုံးခန်းမှာတော့ action နည်းနည်းပါပါတယ်။
🎮 ဘယ်သူတွေ ကစားသင့်လဲ။
  • Puzzle game ကို ရူးသွပ်သူများ 
  • Sci-fi ဂိမ်းကြိုက်သူတွေ
  • Story-based ကြိုက်သူ
  • မိမိရဲ့ အတွေးကို စိန်ခေါ်ချင်သူတွေ 

သူငယ်ချင်းနဲ့လည်း  co-op mode ကစားလို့ရပါတယ်။ စကားများရင် အဖြေရှာရင်း တခန်းပြီး တခန်းကျော်နိုင်တဲ့အခါ ပေးတဲ့ပျော်ရွင်မှုက ဘာနဲ့မှ မတူပါဘူး။ Portal 2 ဆိုတာက puzzle game တစ်ခုပဲမဟုတ်ပါဘူး။
ဗဟုသုတ၊ ဟာသ၊ ဦးနှောက် challenge တွေအားလုံးပါ၀င်တဲ့ sci-fi ဂိမ်း masterpiece တစ်ခုပါ။
မကစားရသေးဘူးဆိုရင် Steam မှာ ခုပဲ ပြေးဝယ်လိုက်ပါ။ 

One thought on “Portal 2 ဂိမ်း

  1. svxehyrlji says:

    zpmvyryvjoglynxyuwyymupwjnyzsk

Leave a Reply

Your email address will not be published. Required fields are marked *