Zelda တောရဲ့အသက်
"Zelda: Breath of the Wild" ဟာ Nintendo ရဲ့ iconic ဂိမ်းတခုဖြစ်ပါတယ်။ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဖြစ်ပြီးတော့ တခါဆော့ဖူးသူတိုင်း မမေ့နိုင်တဲ့ ဂိမ်းပါ။open-world action-adventure game တစ်ခုပဲဖြစ်ပြီးတော့ 2017 နှစ်ရဲ့ အကောင်းဆုံးဂိမ်းဆု အပါအဝင်တခြား ဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရထားပါတယ်။ OW genre တို့ရဲ့ စံနမူနာ ထားစရာဂိမ်းတခုဆိုလည်း မမှားပါဘူး။

လွတ်လပ်မှု
Breath of the Wild ဟာ သာမန် open world တွေနဲ့ မတူဘဲ မျက်စိနဲ့ မြင်နိုင်သမျှ လမ်းတဆုံး သင်သွားချင်တဲ့နေရာတိုင်းကို လွတ်လပ်စွာသွားနိုင်ပါတယ်။ ရိုးရိုးတောင်ထိပ်လား ၊ ရေခဲတောင်၊ မီးတောင် ရေကန် ၊ ချောက် အားလုံးကို အကန့်အသတ်မရှိ သွားလာစူစမ်းနိုင်ပါတယ်။
ဂိမ်း mechanic
လူကြိုက်များတဲ့အထဲမှာ သူရဲ့ ဂိမ်း mechanic လည်းပါပါတယ်။ ပုံမှန် RPG ဂိမ်းလိုမဟုတ်ပဲနဲ့ ဓားက ခုတ်ပါများရင် ပျက်တယ်ဆိုတဲ့ real life logic လုပ်ထားတာတွေ ၊ ဗိုက်စားရင် ချက်စားရတာတွေ ၊ ညအိပ်လိုက်ရင် အားအင်ပြည့်သွားတာတွေက realistic အရမ်းဆန်တဲ့ အချက်တွေပါ။
ဂိမ်းရဲ့ shrine ထဲမှာ ရှိတဲ့ Puzzle ၊ boss fight တွေကလည်း ကိုယ်မှာရှိတဲ့ weapon ,skill တွေနဲ့
ပေါင်းစပ်ပြီး အမျိုးမျိုး fight လို့ရပါတယ်။ မီးတောင်ဆီ သွားရင် အပူခံနိုင်တဲ့ ပုတ်သင်ညို စားရတာတွေ ၊ ရေခဲတောင်တက်ရင် မီးဓားလွယ်ရတာတွေ ၊ မိန်းကလေးတိုင်းပြည်သွားရင် ကောင်မလေးလို ဝတ်ရတာတွေက တခြားဘယ်ဂိမ်းမှာမှ မရှိတဲ့ အချက်တွေပါ။

Environment
သူရဲ့ ဂိမ်း Graphic နဲ့ world environment ကတော့ AAA ဂိမ်းတွေမျာ အလှဆုံးလို့တောင် ပြောလို့ရပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ လိုက်ဖက်တဲ့ ကောင်းကင် ၊ တိမ် ၊ ပတ်ဝန်းကျင်တွေက ရှေ့ဆက်မသွားချင်ပဲ ထိုင်ကြည့်ချင်တဲ့အထိအောင်ကို လှပါတယ်။ စိတ်ပါရင် ဒူးရင်းသီးခူးရင်း နဂါးကြေးခွံ ယူလို့ရပါသေးတယ်။ တောင်ထိပ်ကနေ လှမ်းကြည့်တဲ့ မြင်ကွင်း Screenshot ထားပြီး PC background ထားတဲ့လူတွေ မနည်းမနော်ပါ။
ကန့်သတ်ချက်
ဒါကတော့ zelda ကိုလူတိုင်းမဆော့နိုင်တဲ့ အချက်ပါ။ Nintendo Switch ရှိမှ ဆော့လို့ရမဲ့ exclusive ဂိမ်းတခု။ PC နဲ့ တခြားဂိမ်း portal မှာ Simulator ဆော့လို့ ရပေမဲ့ သူရဲ့ experience ကတော့ မိုးနဲ့မြေလို့ ကွာပါတယ်။ lag ဖြစ်တာတွေ glitch ဖြစ်တာတွေ ရှိပါတယ်။
🎮 ဘယ်သူတွေ ကစားသင့်လဲ။
- လူတိုင်းဆော့သင့်တဲ့ ဂိမ်းတခုပါ။
- Open world မှာ ကြိုက်တာလုပ် ၊ မိုက်တာလုပ်ချင်တဲ့သူတွေ
- Story ကောင်းကောင်း နဲ့ puzzle အရောကြိုက်သူ
- လှပတဲ့ graphic နဲ့ environment ခံစားချင်သူတွေ ဆော့သင့်တဲ့ ဂိမ်းတခုပါ။
st5cnv
wmhyrqhqynerzwqysenkwtkfxiomyi
dssh6g
y0osn3